ကောင်းမွန်သော အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားကြတဲ့ ရာသီခွင်လေးခု

ရာသီခွင်လေးခုသည် “ဆဋ္ဌမအာရုံ” (sixth sense) ကို ပိုင်ဆိုင်ထားကြပြီး ကောင်းမွန်သော အာရုံခံနိုင်စွမ်း (intuition) ရှိသည်ဟု ယုံကြည်ကြသည်။

ထူးခြားကောင်းမွန်သော အာရုံခံစားနိုင်စွမ်း (intuition) ရှိသည့် ရာသီခွင် လေးခုရှိပြီး ၎င်းတို့သည် မိမိတို့တွင် “ဆဋ္ဌမအာရုံ” (sixth sense) ရှိသည်ဟု ယုံကြည်ကြကာ အခြေအနေအရပ်ရပ်နှင့် ခံစားချက်များကို လျင်မြန်စွာ ရိပ်မိတတ်ကြသည်။

တစ်ခါတစ်ရံတွင် မည်သည့်အရာမျှ မဖြစ်ပျက်မီကပင် “တစ်ခုခုတော့ ထူးဆန်းနေသည်” ဟု ကျွန်ုပ်တို့ ခံစားရတတ်ပါသည်။ အချို့သူများသည် ကြိုတင်သိမြင်နိုင်စွမ်းရှိသကဲ့သို့ ပတ်ဝန်းကျင်အခြေအနေ သို့မဟုတ် ခံစားချက်များကို ကောင်းစွာ ရိပ်မိနိုင်စွမ်း ရှိကြသည်။ နက္ခတ်ဗေဒင်ပညာအရ ထူးခြားကောင်းမွန်သော အာရုံခံစားနိုင်စွမ်း သို့မဟုတ် “ဆဋ္ဌမအာရုံ” ရှိသည်ဟု ယုံကြည်ရသော ရာသီခွင် လေးခုရှိပါသည်။ ထိုရာသီခွင်များမှာ မည်သည်တို့ဖြစ်သည်ကို ကြည့်ရှုလိုက်ကြပါစို့။

ကရကဋ်ရာသီဖွားများ (Cancer)
ကရကဋ်ရာသီဖွားများသည် မိမိပတ်ဝန်းကျင်ရှိသူများ၏ ခံစားချက်များကို လျင်မြန်စွာ သတိပြုမိတတ်ကြသည်။ ၎င်းတို့သည် အလွန်အာရုံခံစားလွယ်ပြီး ချစ်ခင်ရသူများအပေါ် စာနာထောက်ထားတတ်ကြသူများ ဖြစ်သည်။ တစ်ဖက်လူက ဘာမျှမပြောခင်မှာပင် ၎င်းတို့၏ မျက်နှာအမူအရာ၊ ပြောဟန်ဆိုဟန် သို့မဟုတ် ပြုမူနေထိုင်ပုံများ၌ ဖြစ်ပေါ်လာသည့် သေးငယ်သော ပြောင်းလဲမှုများကိုပင် ၎င်းတို့က သတိပြုမိလေ့ရှိသည်။

ဗြိစ္ဆာရာသီဖွားများ (Scorpio)
ဗြိစ္ဆာရာသီဖွားများသည် ကိစ္စရပ်များတွင် မညီမညွတ်ဖြစ်နေသည့်အချက်များကို ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသလို အခြေအနေအရပ်ရပ်ကိုလည်း ကောင်းစွာ သုံးသပ်နားလည်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့သည် ကြားသိရသမျှကို မျက်ကန်းတစ္ဆာမယုံဘဲ တစ်ဖက်လူ၏ အမူအရာနှင့် မပြောဘဲ ချန်လှပ်ထားခဲ့သည့်အရာများကိုပါ လေ့လာစောင့်ကြည့်ကာ ယုတ္တိရှိမရှိ ဆင်ခြင်သုံးသပ်လေ့ရှိသည်။ ၎င်းတို့သည် အသေးစိတ်အချက်အလက်များကို ဂရုတစိုက် စုဆောင်းပြီး အဖြေမှန်ကို ရှာဖွေလေ့ရှိကြသည်။

မိန်ရာသီဖွားများ (Pisces)
မိန်ရာသီဖွားများသည် ခံစားချက်များနှင့် မိမိပတ်ဝန်းကျင်အခြေအနေများအပေါ် အလွန်အာရုံခံစားလွယ်သူများ ဖြစ်ကြသည်။ သူတစ်ပါးတို့၏ ခံစားချက်များကို စကားဖြင့်မပြောပြလျှင်ပင် ၎င်းတို့က မကြာခဏဆိုသလို သိရှိခံစားမိတတ်ကြသည်။ တစ်ခါတစ်ရံတွင် အိပ်မက်များမှတစ်ဆင့် ကြိုတင်သိမြင်ခံစားရခြင်း သို့မဟုတ် မူလဇစ်မြစ်ကို မသိရှိရဘဲ ထူးခြားသောခံစားချက်မျိုး ရရှိခြင်းတို့ ဖြစ်ပေါ်တတ်သည်။ သို့သော် စစ်မှန်သော အာရုံခံသိမြင်မှု (intuition) နှင့် စိုးရိမ်ပူပန်မှု သို့မဟုတ် အလွန်အမင်း တွေးတောပူပန်မှုတို့အကြား ကွဲပြားခြားနားချက်ကို ခွဲခြားသိမြင်နိုင်ရန်မှာ အရေးကြီးပါသည်။

ကုံရာသီဖွားများ (Aquarius)
ကုံရာသီဖွားများသည် အသေးစိတ်အချက်အလက်များကို ဂရုတစိုက် လေ့လာစောင့်ကြည့်တတ်သူများဖြစ်ပြီး အခြားသူများ လျစ်လျူရှုမိနိုင်သည့် အရာများကို မကြာခဏ သတိပြုမိတတ်ကြသည်။ ၎င်းတို့သည် ထိုအချက်အလက်များကို ပေါင်းစပ်စဉ်းစားကြည့်ရာမှ အချို့သောအရာများသည် ယုတ္တိမတန်ကြောင်း သို့မဟုတ် ပုံမှန်မဟုတ်ကြောင်း တွေ့ရှိလာတတ်သည်။ အစပိုင်းတွင် တစ်စုံတစ်ခု ထူးခြားနေသည်ဟု ခံစားရသည့်အကြောင်းရင်းကို ရှင်းပြနိုင်မည်မဟုတ်သော်လည်း၊ နောက်ပိုင်းတွင် ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်သည့်အခါ မိမိတို့၏ ကနဦးတွေ့ရှိချက်များသည် စိတ်ကူးယဉ်သက်သက် မဟုတ်ခဲ့ကြောင်း သဘောပေါက်နားလည်လာကြသည်။

Ref: https://www.sanook.com/horoscope/334294/